PADMAAVAT 2018 မြန်မာစာတန်းထိုး ************************* သမိုင်းရာဇ၀င်အခြေခံ ဒရာမာကားအမျိုးအစား Padmaavat ရုပ်ရှင်ဟာ ဒါရိုက်တာ Sanjay,Ranveer နဲ့ Depika တို့ ၃ ဦးအတူရိုက်ကူးတဲ့ တတိယမြောက် ရုပ်ရှင်ကားဖြစ်ပါတယ်။ဒါရိုက်တာ Sanjay ဆိုတာ ဘောလီးဝုဒ်မှာ Classic ရုပ်ရှင်တွေကို ဦးစားပေးရိုက်ကူးအောင်မြင် သူတစ်ဦးဖြစ်ပါတယ်။လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက စလ်မားန်ခါးန် နဲ့  Aishwaray တို့ ရဲ့ Hum Dil De Chup Ke Sanam၊ရှာရွခ်ခါးန် နဲ့  Devdas စတဲ့ ရုပ်ရှင်ကားကောင်းတွေကို ရိုက်ကူးပြီး ဘောလီးဝုဒ် ပရိသတ်တွေကို ညို့ ယူဖမ်းစားနိုင်စွမ်းရှိတဲ့ ဒါရိုက်တာတစ်ယောက်ပါ။ ဒီဇာတ်ကား စရိုက်ကတည်းက ပြသနာပေါင်း သောင်းခြောက်ထောင် တက်ခဲ့ပြီး ရူတင်ဖျက်စီးခံခဲ့ရပါတယ်။ဒါရိုက်တာ ပါးရိုက်ခံရပါတယ်။ ဆက်တင်တစ်ခုလုံး မီးတင်ရှို့ ခံခဲ့ရပါတယ်။မင်းသမီး ဒီပီကားနှာခေါင်း ဖြတ်ပေး၊မုဒိမ်းကျင့်ပေး၊ခေါင်းဖြတ်ပေးရင် ရူပီ ကုဋေ ဘယ်လောက် ပေးမယ်၊ဒါရိုက်တာ ခေါင်းဖြတ်ပေးရင် ရူပီး ၅ ကုဋေပေးမယ် စသဖြင့် အကြီးအကျယ် ခြိမ်းခြောက်ခံခဲ့ရပြီး ကျော်လွှားခဲ့ရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မွတ်စလင်မ်ဘုရင်တစ်ဦး နဲ့ ဟိန္ဒူဘုရင့်မိဖုရားတို့  အကြား လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်က ဖြစ်ပျက်ခဲ့တဲ့ ရာဇ၀င် တစ်ခုကို အခြေခံရိုက်ကူးထားပြီး ရာဇ၀င်မှာ မွတ်စလင်မ်ဘုရင်က ဟိန္ဒူဘုရင်နဲ့ မျိုးနွယ်တွေအပေါ် မတရား၊အနိုင်ကျင့်၊စော်ကားခဲ့မူ တွေကြောင့် ရားဂ်ျပူးသ် ဟိန္ဒူမျိုးနွယ်ဝင်တွေဟာ နှစ်ပေါင်းရာနဲ့ ချီ မွတ်စလင်မ်ဘုရင်ကို မုန်းတီးခဲ့ကြတာပါ။ ဇာတ်လမ်းကတော့ သမိုင်းဖြစ်ရပ်မှန်နဲ့ ထပ်တူမဖြစ်ပါဘူး။ရုပ်ရှင် ဆိုတဲ့အတွက်ကြောင့် ပရိသတ်စိတ်ဝင်စားနိုင်မဲ့ ဇာတ်ညွှန်းကို ပြင်ဆင်ရေးသားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကို Ranveer Singh နဲ့ စထားပါတယ်။Ranveer ဟာ သူ့ ဦးလေးဖြစ်သူ ဒေလီရဲ့ဘုရင် Sultan Jallaluddin Khilji နဲ့  လာရောက်တွေ့ ဆုံပြီး ဦးလေးရဲ့ သမီး Aditaya Rio ကို တောင်း ပါတယ်။Aditya ကလည်း Ranveer ကို ကြိုက်နေတဲ့အတွက် သူတို့ ၂ ဦးကို ဘုရင်က လက်ထပ်ပေးလိုက်ပါတယ်။မင်္ဂလာ ဆောင်တဲ့ နေ့ မှာတောင် ရန်ဘီးက တခြားမိန်းမတွေနဲ့ ပျော်ပါး နေလို့ မျိုးနွယ်ထဲက လူကြီးတစ်ဦးက တားတဲ့အခါ အဲ့လူကို သတ်ပစ်ပြီး မင်္ဂလာဆောင်ခန်းမကိုဝင်ရောက်လာခဲ့ပါတယ်။ အဲ့နေ့ ကစပြီး Adiya ဟာ Ranveer ပေးတဲ့ ဒုက္ခတွေကို ခါးဆီးခံရတော့တာပါပဲ အဲ့အချိန် တဖက်မှာတော့ Depika (ဘုရင့်သမီးတော်)ဟာ တောထဲ အမဲလိုက်နေရင်း သမင်တစ်ကောင်ကို မြှားနဲ့ ပစ်ရာမှာ ရှာဟိဒ်ကပူးရ်(Rajput ဘုရင်)ကို မှားပြီးပစ်မိရာကနေ ၂ ယောက် ဆုံကြပါတယ်။သူ့ ကြောင့် ဒါဏ်ရာ ရနေတဲ့ ရှာဟိဒ်ကို ကုသပေး ရာကနေ သူတို့ ၂ ယောက် ချစ်ကြိုက်ပြီး လက်ထပ်လိုက်ကြတယ်။ ရှာဟိဒ်မှာ မယားကြီးရှိပေမဲ့ ရှာဟိဒ် ဒီပီကားနဲ့ လက်ထပ်တာကို ကြိုပြီး မသိခဲ့သလို နန်းတော်ကို ခေါ်လာတော့မှ မယားကြီးက သိရပါတယ်။ဒီလိုနဲ့ Depika ရဲ့ အလှ နဲ့ လိမ္မာရေးခြား ရှိမူကြောင့် Rajput တိုင်းပြည်မှာ Padmavati မင်းသမီးကို ဘုရင်နဲ့ တန်းတု ချစ်ခင်လေးစားလာကြပါတယ်။ (ဒီနေရာမှာ အိန္ဒိယမှာရှိတဲ့ မွတ်စလင်မ်/ဟိန္ဒူ ဘုရင်တွေ အကုန် မိန်းမတွေ လိုချင်သလောက်ယူပြီး မယားငယ်ယူပြီးရင် မယားကြီး ချောင်ထိုးခံရတာ၊မိန်းမတွေမှာ စောဒကတက်ခွင့်မရှိတာ၊သူတို့ ကို တလေးတစား အသိပေးတိုင်ပင်တာမျိုးမရှိ စတာတွေကတော့ တူညီတာ တွေ့ ရပါတယ်။) အဲ့နောက်မှာတော့ Rajput နယ်ကြီးပျက်သုန်းဖို့ အကြောင်းခံ ဖြစ်လာမဲ့ ဂုရုကြီးလို့ ခေါ်တဲ့ ရှာဟိဒ်ကပူးရ် ကိုးကွယ်တဲ့ ဘုန်းကြီးတပိုင်းလူတပိုင်းဆီ ဒီပီကားကို ခေါ်သွားပါတယ်။ ဒီပီကားအလှကိုမြင်ပြီး ဂုရုကြီး နှာဗူးထကာ ညဘက် ရှာဟိဒ်နဲ့ ဒီပီကား မင်္ဂလာဦးညကို သွားချောင်းတာ မိပြီး ပြည်နှင်ဒါဏ်ပေးခံလိုက်ရပါတယ်။တဖက်မှာလည်း ရန်ဘီးက တိုင်းတွေပြည်နယ်တွေကို စစ်ခင်းပြီး အနိုင်တိုက်ရာမှ နံမည်ကြီး လာပြီး ဦးလေးလည်းတော်ပြီး ယောက္ခထီးလည်းတော်စပ်တဲ့ ဒေလီဘုရင်ကို ဖြားယောင်းပြီး သတ်ပစ်ကာ ထီးနန်းကို သိမ်းပိုက် လိုက်ပါတယ်။Rajput ကနေ နှင်ထုတ်ခံရတဲ့ ဂုရူကြီး ဒေလီကို ရောက်လာပြီး နှာဗူးဘုရင် ရန်ဘီးကို ဒီပီကားရဲ့အလှအကြောင်း သွေးထိုးပါတော့တယ်။အဲ့မှာ ရန်ဘီး heat တက်ပြီး Rajput ကို စစ်ချီပါတယ်။၆ လတိတိ ၀ိုင်းထားတယ်။စစ်လည်းမတိုက်ရ၊ ဘာကြောင့်မှန်းမသိ ကွင်းပြင်ထဲ ၆လကျော် ဒုက္ခခံနေရတဲ့ အောက်ခြေစစ်သည်တွေ စိတ်ပျက်ပြီး ပြန်မယ်ဖြစ်နေတဲ့အချိန် စစ်သူကြီးက ရန်ဘီးကို လာပြောပြတယ်။အဲ့မှာ ဘုရင်တွေ၊ စစ်ဗိုလ်ချုပ်ကြီးတွေ အောက်ခြေစစ်သားတွေကို ဂျင်းထည့်တဲ့ အလုပ်ကို ရန်ဘီးက ထွက်လုပ်ပါတယ်။ ဒီကိုရောက်နေတာ မိန်းမတစ်ယောက်ကို နှာဗူးကြဖို့ ဆိုတာ မသိတဲ့ အောက်ခြေစစ်သားတွေကို ခပ်တည်တည်နဲ့ ရန်ဘီးက မိန့် ခွန်းပြောပါတယ်။ငါတို့ ခိရ်ဂျီမျိုးနွယ်တွေမှာ အိပ်မက်တစ်ခု ရှိတယ်။ငါတို့ ရဲ့ ဘာသာရေးအမှတ်အသားပါတဲ့ အလံကို တလောကလုံးမှာ စိုက်ထူနိုင်ဖို့ ပဲ။အဲ့အတွက် ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ငါတို့ တစ်ယောက်ကိုတစ်ယောက် လက်မလွှတ်ရဘူးလို့ ကျိန်ဆိုထားကြတယ်။ဒါပေမဲ့ ဒီကနေ့ တော့ မင်းတို့ က ငါ့ကိုထားပြီးထွက်သွားကြတော့မယ်။ကောင်းပြီ ငါတို့ ရဲ့ အိပ်မက်ကို မေ့လိုက်ကြတာပေါ့ဆိုပြီး အလံကို မြေကြီး ပေါ် ပစ်အချ စစ်သည်တွေက ရန်ဘီးရဲ့ အမျိုး၊ဘာသာ မျိုးချစ်စိတ် စတဲ့ ဂျင်းကို တကယ်ထင်ပြီး ဝေး၀ါးအော်ပြီး မပြန်ကြတော့ဘူး။ နောက်ဆုံး ဟိုလီပွဲတော်နေ့ ရောက်တဲ့အချိန် ချစ်ကြည်ရေး လုပ်ကြရအောင်ဆိုပြီး ရန်ဘီးက အကြံနဲ့ ကမ်းလှမ်းပြီး ရှာဟိဒ်ကပူးရ်ရဲ့ နန်းတော်ကို ဧည့်သည်အဖြစ်သွားတယ်။ အဲ့မှာ ဒီပီကားကို ပြပါလို့ ပြောတော့ ရှာဟိဒ်က ဒေါသထွက်၊ နောက်ဆုံး စစ်ပွဲက ရှောင်လွှဲဖို့ ဒီပီကားကို ၅ စက္ကန့် မှန်ထဲကနေ အပြ နေထိုးတဲ့ လိုက်ကာကိုပါ ဖွင့်လိုက်တော့ ဒီပီကားမျက်နှာကို သေချာတောင် မမြင်လိုက်ရဘူး။အဲ့လောက် အဖြစ်သည်းလား ဆိုပြီး ရှာဟိဒ်ကို ဖျားယောင်းပြီး ရန်ဘီးဖမ်းခေါ်သွားတယ်။ ရှာဟိဒ်ကို ပြန်လိုချင်ရင် ဒီပီကား ဒေလီကိုလာရမယ်ဆိုပြီး တောင်းဆိုတော့ ရှာဟိဒ်ကိုကယ်ဖို့ ဒီပီင်္ကားဒေလီသွားတယ်။ ဒီပီကား ဒေလီမရောက်ခင် ရန်ဘီးပျော်ပြီး သီချင်းတပုဒ်နဲ့  အရူးလိုပဲ ကတယ်။အဲ့မှာ သူ့ ရဲ့တူက သူ့ ကို ပြန်လုပ်ကြံ ပေမဲ့ မအောင်မြင်ဘူး။ ဒီပီကား ဒေလီရောက်တော့ ရန်ဘီးရဲ့ အနှိပ်စက်ခံဇနီး Adiya အကူအညီနဲ့ ရှာဟိဒ်ကိုဒီပီကား ကယ်ထုတ်လာနိုင်တယ်။ ရန်ဘီးသိတော့ သူ့ မိန်းမကို သတ်မိန့် ပေးတယ်။အဲ့မှာ နောက်ဆုံးအနေနဲ့ Adiya က ရန်ဘီးကို ဆုတခုပေးတယ်။ နင့်ရဲ့ ဆန္ဒတွေ၊ဖြစ်ချင်တာတွေ အားလုံးပြည့်ဝပါစေ။ဒါပေမဲ့ Padmavati ကို ရယူသိမ်းပိုက်ဖို့ ဆန္ဒတော့ ဘယ်တော့မှ မပြည့်ပါစေနဲ့ လို့ ပြောပြီး သွားလိုက်တယ်။ ရန်ဘီးဒေါသပုန်ထပြီး Rajput ကို စစ်ခင်းဖို့ ထပ်အသွားးး ဘာတွေဆက်ဖြစ်လဲ၊ဒီပီကားးကို နောက်ဆုံး ရန်ဘီးမြင်ခွင့် တွေ့ ခွင့်၊သိမ်းပိုက်ခွင့်ရမလားးဆိုတာကတော့ မြန်မာပြည်မှာ ရုံတင်တဲ့အခါ ဆက်လက်ကြည့်ရူစေချင်ပါတယ်။ ဇာတ်လမ်း၊သရုပ်ဆောင်၊ဆက်တင်အပြင်အဆင် ဘာတစ်ခုမှ ပြောစရာမလိုလှအောင် လှပ၊သေသပ်၊အဆင့်မြင့်တဲ့ ရုပ်ရှင် တစ်ကားးဖြစ်တာမို့ ပြသနာပေါင်းများစွာတက်ပြီး ရုပ်ရှင်ကြည့် တဲ့သူတွေနဲ့ ရုပ်ရှင်ရုံတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက် ခံထားရတာတောင် ဖွင့်ရက် ရုံတင်တာ ကုဋေ ၂၀ နီးပါး ရပါတယ်။ဒါတောင် ပြည်နယ်ကြီး ၆ ခုမှာ ရုံတင်ခွင့်မရပါဘူး။ ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး BBC ကနေတောင် ရီဗြူးသတင်း လွှင့်ပေးခံရပြီး အိန္ဒိယမှာတင်မက တကမ္ဘာလုံးမှာပါ လှုတ်ခတ် ခဲ့တာမို့ မြန်မာပြည်မှာ နောက်အပတ်တွေ ရုံတင်တဲ့အခါ ဆက်ဆက် သွားကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ Min ThetNaing Format ……… 720p Web dl Genre …….. Dramr& Blaxploition File size ……… 1.2 Gb Resolution ……… 1272x 536 Subtitle ……… မြန်မာ Hardsub Runtime ………2h 43mins Translater ……… DMO Entertainment Encoder …… Nge Nge ဒေါင်းရန် လင့်များ G Drive ,, Openload
1 Comment
Hanatorikago (2013) မြန်မာစာတန်ထိုး ================================== အသက်မပြည့်သူများ လုံးဝမကြည့်သင့်ပါ။ မြန်မာလို''ငှက်အိမ်ထဲက ပန်းကလေး"လို့ ခေါ်ပါတယ်။ 'ရာစုကို' တစ်ယောက် အလယ်တန်းကျောင်းသူကတည်းက ဖထွေးဖြစ်သူရဲ့ အကြိမ်ပေါင်းများစွာ စော်ကားခံလိုက်ရပြီး ရဲစခန်းကို တိုင်ကြားဖို့ ဗီဒီယိုမှတ်တမ်း ခိုးရိုက်ထားပေးမယ့် မတိုင်ရဲခဲ့ပါဘူး။ အဲဒီနောက် ဘယ်ယောကျာ်းကိုမှ စကားမပြောရဲဘဲ အေးဆေးနေလာခဲပေးမယ့် လိုင်းပေါ်မှာ အေ ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ စကားပြောရင်း ချစ်ကြိုက်သွားပါတယ်။ အီအု ဆိုတဲ့ကောင်လေးတစ်ယောက်ကလည်း ဖခင်ဖြစ်သူ သေဆုံးသွားပြီး မိခင်ဖြစ်တဲ့သူ စိတ်ဖောက်ပြန်ကား သူ့ကို သားလိုမမြင်ဘဲ ယောကျာ်းဖြစ်သူအဖြစ် ဆက်ဆံနေရပါတယ်။ မိခင်စိတ်ဖောက်နေရတာကို မွတ်ကျပ်နေရဲ့ဘဝကနေ ရာစုကို နဲ့ ဆုံတွေ့ခဲ့ပြီး သူတို့နှစ်ယောက် ဘယ်လိုရှေ့ဆက်စကားပြောကြမလဲဆိုတာ စိတ်ဝင်းစားစရာပါ။ လိင်အသားပေးအခန်းတွေ အသားဖြေအခန်းတွေ ဘယ်လိုမျိုးလဲဆိုတာတော့ ဇာတ်ကားမှာပဲ ဆက်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ ဂျပန်ကားကြိုက်တဲ့ ညီအစ်ကိုများအတွက် ဘေကုန် လုံးဝတန်တဲ့ကားပါ😁 သာဘာပြန်သူ ၃၁ ကားမြောက် con pike ဖြစ်ပါတယ်။ Format ……… 720p bluray File size ……… 714 Mb Resolution ……… 1280x 544 Subtitle ……… မြန်မာ Hardsub Runtime ………2h 34mins Translater ……… Con Pike Encoder …… Nge Nge ဒေါင်းရန် လင့်များ G Drive >> Openload Hanatorikago (2013) မြန်မာစာတန်ထိုး ================================== အသက်မပြည့်သူများ လုံးဝမကြည့်သင့်ပါ။ မြန်မာလို''ငှက်အိမ်ထဲက ပန်းကလေး"လို့ ခေါ်ပါတယ်။ 'ရာစုကို' တစ်ယောက် အလယ်တန်းကျောင်းသူကတည်းက ဖထွေးဖြစ်သူရဲ့ အကြိမ်ပေါင်းများစွာ စော်ကားခံလိုက်ရပြီး ရဲစခန်းကို တိုင်ကြားဖို့ ဗီဒီယိုမှတ်တမ်း ခိုးရိုက်ထားပေးမယ့် မတိုင်ရဲခဲ့ပါဘူး။ အဲဒီနောက် ဘယ်ယောကျာ်းကိုမှ စကားမပြောရဲဘဲ အေးဆေးနေလာခဲပေးမယ့် လိုင်းပေါ်မှာ အေ ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ စကားပြောရင်း ချစ်ကြိုက်သွားပါတယ်။ အီအု ဆိုတဲ့ကောင်လေးတစ်ယောက်ကလည်း ဖခင်ဖြစ်သူ သေဆုံးသွားပြီး မိခင်ဖြစ်တဲ့သူ စိတ်ဖောက်ပြန်ကား သူ့ကို သားလိုမမြင်ဘဲ ယောကျာ်းဖြစ်သူအဖြစ် ဆက်ဆံနေရပါတယ်။ မိခင်စိတ်ဖောက်နေရတာကို မွတ်ကျပ်နေရဲ့ဘဝကနေ ရာစုကို နဲ့ ဆုံတွေ့ခဲ့ပြီး သူတို့နှစ်ယောက် ဘယ်လိုရှေ့ဆက်စကားပြောကြမလဲဆိုတာ စိတ်ဝင်းစားစရာပါ။ လိင်အသားပေးအခန်းတွေ အသားဖြေအခန်းတွေ ဘယ်လိုမျိုးလဲဆိုတာတော့ ဇာတ်ကားမှာပဲ ဆက်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ ဂျပန်ကားကြိုက်တဲ့ ညီအစ်ကိုများအတွက် ဘေကုန် လုံးဝတန်တဲ့ကားပါ😁 သာဘာပြန်သူ ၃၁ ကားမြောက် con pike ဖြစ်ပါတယ်။ Format ……… 720p bluray File size ……… 714 Mb Resolution ……… 1280x 544 Subtitle ……… မြန်မာ Hardsub Runtime ………2h 34mins Translater ……… Con Pike Encoder …… Nge Nge ဒေါင်းရန် လင့်များ G Drive ,, Openload Django Unchained (2012) မြန်မာစာတန်းထိုး ဒီရုပ်ရှင်ဟာ ၁၈၅၈ ခုနှစ် အမေရီကန် ပြည်တွင်းစစ် မဖြစ်ခင် ၂ နှစ်အလိုကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ။ အဲဒိအချိန်တုန်းက လူမည်းတွေဟာ လူဖြူတွေရဲ့ ကျွန်အဖြစ်ပဲ ရှိပါသေးတယ် ။ လူမည်း ကျွန်တွေထဲမှာမှ Django ဆိုတဲ့ ကျွန်တစ်ယောက်အကြောင်းပေါ့ ။ ဒီရုပ်ရှင်မှာ ပါဝင်ပြီးသရုပ်ဆောင်ထားသူတွေကတော့ Django အဖြစ် Jamie Foxx Dr. King Schultz အဖြစ် Christoph Waltz Calvin Candie အဖြစ် Leonardo DiCaprio တို့ပဲ ဖြစ်ပါတယ် ။ ဇာတ်လမ်း အသွားလေးကတော့ .... တစ်နေ့မှာ လူမည်းကျွန်တွေကို ဝယ်လာတဲ့ လူတစ်စုနဲ့ တက္ကဆပ်တောတွင်း တစ်နေရာမှာ ဂျာမန် သွားဆရာဝန် Dr. King Schultz တို့ တွေ့ကြပါတယ် ။ Dr. King Schultz က အမေရီကန် အစိုးရ အလိုရှိနေတဲ့ ဝရမ်းပြေးတွေကို လိုက်လံပြီး ဖမ်းဆီးပေးနေတဲ့ ကြေးစား လူသတ်သမား တစ်ယောက်ဖြစ်ပါတယ် ။ လူဆိုးတစ်ယောက်ကို သတ်တိုင်း သူ့အတွက် အစိုးရကပေးသော ဆုကြေးငွေ ရရှိပါတယ် ။ သူဟာ Brittle ညီအကိုတွေကို လိုက်ရှာရင်း တက္ကဆပ်တောတွင်း တစ်နေရာမှာ ကျွန်ကုန်သည် လူတစ်စုနဲ့ တွေ့ရာကနေ Brittle ညီအကို သိသူဖြစ်တဲ့ Django ကို ကျွန်အဖြစ် ဝယ်ယူလိုက်ပါတော့တယ် ။ Django ဟာ ဂျာမန် ဆရာဝန် Dr. King Schultz နဲ့အတူ အစိုးရအလိုရှိတဲ့ ဝရမ်းပြေး လူဆိုးတွေကို လိုက်လံဖမ်းဆီးပေးပါတော့တယ် ။ သို့ပေမယ့် Django ရဲ့ ရည်ရွယ်ချက်က သူကျွန်ဘဝတုန်းက လက်ထပ်ထားတဲ့ သူ့မိန်းမကို လိုက်ရှာဖို့ပဲဖြစ်ပါတယ် ။ Dr. King Schultz ဖမ်းဆီးချင်တဲ့ လူဆိုးမှန်သမျှကို Django ကို ကူညီဖမ်းပေးသလို Django ရှာချင်နေတဲ့ သူ့မိန်းမကိုလည်း Dr. King Schultz က ပြန်လည်ကူညီပြီး ရှာပေးပါတယ် ။ Django ဟာ Dr. King Schultz နဲ့ အတူ ဝရမ်းပြေးတွေကို လိုက်ဖမ်းရင်း သူ့မိန်းမကို ရှာတွေ့နိုင်မလား ၊ သူ့မိန်းမကရော ကျွန်ဘဝမှာပဲ ရှိသေးလား ၊ ဘယ်တွေရောက်နေလဲ ၊ ကျုပ်တို့ရဲ့အသည်းကျော် မင်းသား Calvin Candie (Leonardo DiCaprio) ကရော ဘယ်လို အခန်းကဏ္ဍက ပါဝင်သရုပ်မလဲဆိုတာတော့ သွေးတွေ ဖွာထွက်သွားလောက်အောင် အပစ်အခတ်ကြမ်းတဲ့ သေနတ်သံတွေကြားမှာ ဝါသနာရှင် ညီကိုတွေပဲ ကြည့်ရှူကြပါတော့ ... 🔜🔜 အဲဒိလူမည်းက ဘယ်သူလဲ 🔙🔙 သိလား "တောင်ဘက်ပိုင်းမှာ အမြန်ဆုံးသေနတ်သမား" တဲ့ အမေရိကရဲ့ စစ်မဖြစ်မှီ ကျွန်ခေတ်ရဲ့ အနိဌာရုံတွေ ၊ ကျွန်တွေကို ဖိနှိပ်တာတွေ ၊ ကျွန်တွေရဲ့လူပီသစိတ်တွေ ၊ ကျွန်အချင်းချင်း အထက်ဖား အောက်ဖိတွေ ၊ လူဖြူတွေရဲ့ ကြီးကျယ်ခမ်းနားစွာရက်စက်ပုံတွေကို အထူးရိုက်ကူးပြသထားတဲ့ ကောင်းဘွိုင် ဇာတ်ကားလေးလည်း ဖြစ်ပါတယ် ။ မင်းသား Leonardo DiCaprio နဲ့ အတူ လူမည်း မင်းသား Jamie Foxx တို့ရဲ့ အပြိုင်သရုပ်ဆောင်ချက်တွေကို မြင်ရတော့ စိတ်ထဲ ကြည်နူးမိမယ်လို့ ထင်ပါတယ် ။ ဒီရုပ်ရှင်ဟာ ပြသချိန် ၂ နာရီ ၄၅ မိနစ် ရှိပြီး မပျင်းရိစေရပဲ မထစတမ်း ဆွဲဆောင်မယ့်ရုပ်ရှင်ဆိုတာ ထပ်လောင်းညွှန်းဆိုလိုက်ပါရစေ .... အညွှန်း === Wai Linn Kyaw Format ……… 720p bluray Genre …….. Dramr& Blaxploition File size ……… 1.2 Gb Resolution ……… 1280x 536 Subtitle ……… မြန်မာ Hardsub Runtime ………2h 45mins Translater ……… Con Pike Encoder …… Nge Nge အောက်မှာ ဒေါင်းယူပါ G Drive ,, Openload Call Of Heros (2016) 2016 က ထွက်ရှိထားတဲ့ ကားကောာင်းလေး တင်ဆက်ပေးလိုက်ပါတဟ် ကြည့်ပြီးသူများကတော့ ကျော်သွားပေါ့ Format ……… 720p bluray Genre …….. Action File size ……… 900 Mb Resolution ……… 1280x 544 Subtitle ……… မြန်မာ Hardsub Runtime ………2h 00mins Translater ……… Soe Lin Myat Encoder …… Nge Nge ဒေါင်းရန် လင့်များ G Drive , Openload Pacific Rim (2013) မြန်မာစတန်းထိုး 2013 မှာ ထွက်ရှိခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် ။ ဒါရိုက်တာ Guillermo del Toro ကရိုက်ကူးတင် ဆက်ထားပြီးတော့ IMDb Rating 7 အထိ ၇ရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။ Kaiju လို့ခေါ်တဲ့ ရေနေမကောင်းဆိုးဝါးတွေက ပင်လယ်ထဲကနေ ကုန်းပေါ်တက်လာပြီး လူသားတွေကိုရန် ရှာတဲ့အခါ လူအသက်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတွေ ကမ္ဘာနဲ့ချီပြီးဖြစ်ပေါ်ခဲ့ပါတယ် ဒီမကောင်းဆိုးဝါးတွေကို အနိုင်ယူဖို့ Jaeger လို့ခေါ်တဲ့စက်ရုပ်တွေကို အမေရိကန်တွေကတီထွင်လိုက်ကြပြီး ဒီစက်ရုပ်ကို လူ၂ယောက်ထိန်းရပါတယ် စက်ရုပ်ရဲ့အတွင်းခန်းကနေ ပိုင်းလော့၂ယောက်ကထိန်းချုပ်ပြီး Kaiju တွေကိုတိုက်ခိုက်ရတာဖြစ်ပါတယ် ယခင်ပိုင်းလော့ဟောင်း (Charlie Hunnam) နဲ့ လေ့ကျင့်ရေးပိုင်းလော့လေး (Rinko Kikuchi)တို့နှစ်ယောက်တွဲပြီး Kaiju တွေကိုနှိမ်နင်းနိုင်ပါ့မလား ။ ကောင်းလားမကောင်းလားဆိုတာ အငြင်းပွားစရာလိုနေဦးမယ်လို့မထင်ပါဘူး ။ သိပ္ပံကားကောင်းတွေကြို့က်နှစ်သက်သူတွေအတွက် သဘောတွေ့စေမယ့်ကားတစ်ကားဆိုတာ အသိပေးလိုက်ပါတယ်..ခံစားကြည့် ရှုရမှာပါ Format ……… 720p bluray Genre ………… Action & Fantasy File size ……… 940 Resolution ……… 1280x 720 Subtitle ……… မြန်မာ Hardsub Runtime ………2 h 11mins Translater ……… Si Thu Htet Encoder …… Nge Nge ဒေါင်းရန် လင့်များ G drive , Openload Fargo (1996) မြန်မာစာတန်းထိုး ========== မိမိ ဇနီးသည်ကို မိမိကိုယ်တိုင် ပြန်ပေးဆွဲပြီး သတ်ဖြတ်ပစ်လိုက်တဲ့ စုံထောက် အက်ရှင်ဇာတ်ကြမ်း Rating 8.1 ရထားတဲ့ ကားကောင်းလေးဗျာ Format ……… 720p bluray Genre ………… Drama & Fantasy File size ……… 704 Mb Resolution ……… 1280x 696 Subtitle ……… မြန်မာ Hardsub Runtime ………1 h 38mins Translater ……… Si Thu Htet Encoder …… Nge Nge ဒေါင်းရန် လင့်များ G Drive , Openload Enthiran (2010) မြန်မာစာတန်းထိုး Robot လို့လည်း လူသိများတယ် Movie All Channel ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ်နော ဒီကား ကြည့်ဖူးကြသူတိုင်း သဘောကြမှာပါ Format ……… 720p bluray Genre ………… Drama & Fantasy File size ……… 1.29 Gb Resolution ……… 1280x 544 Subtitle ……… မြန်မာ Hardsub Runtime ………2 h 257mins Translater ……… Annoymous Encoder …… Nge Nge ဒေါင်းရန် လင့်များ G Drive , Openload Hot Girl (2016) မြန်မာစာတန်းထိုး ------------------------------------- 2016 မှာ ထွက်ရှိထားတဲ့ Rating 8.3 ရထားတဲ့ အက်ရှင်ဇာတ်လမ်းတွဲလေး တင်ဆက်ပေးလိုက်ပါတယ်နော် အညွှန်းကတော့ သိပ်မရေးတတ်တော့ နည်းပါးတော့ရေးပေးမယ်ဗျ :) လူငယ်သဘာဝ ခေါင်းဆောင်ဖြစ်ချင်တာနဲ့ တစ်ယောက်နဲ့ တိုက်ခိုက်ပြီး အဖွဲ့လေးတွေကနေ နန်ချန်းမှာ တည်ထောင်မယ့် L.H.S.D အဖွဲ့အစည်းကနေ သူတို့အရည်အချင်းတွေကို ကြိုက်နှစ်သက်ပြီး ရွေးချယ်ခံခဲ့ရပါတယ် .L.H.S.D ဆိုတာက လူမှုနယ်ပယ်နဲ့ လိုအပ်တဲ့နေရာတွေမှာအသုံးချဖို့ပါ .. ဥပမာ ဒုစရိုက်မှု မျိုးစုံကို နှိမ်နင်းမယ့် အဖွဲ့ပဲ ဖြစ်ပါတယ် ဒီဇာတ်ကားမှာ နမူနာယူစရာတွေလည်း ရှိနေမှာပါ Format ……… 720p HD Genre ………… Chainese Tv Series Resolution ……… 1280x720 Translater ... သိုင်းသမားလေးများ Translater Group Encoder ………Nge Nge အောက်မှာ ဒေါင်းလိုက်ပါ Episode 1 G Drive , Openload Episode 2 G Drive , Openload Episode 3 G Drive , Openload Episode 4 G Drive , Openload Episode 5 G Drive , Openload Episode 6 G Dreive ,, Openload The Master Of Tai Chi (2008) မြန်မာစာတန်းထိုး သိုင်းကားချစ်သူများအတွက် အပိုင်း ၁ တင်ပေးလိုက်ပါတဟ်ခင်ဗျ The Master Of Tai Chi (2008)ဒီကားလေးကတော့ 2008ခုနှစ်ကထွက်ရှိခဲ့တဲ့serieကောင်းလေးပဲဖြစ်ပါတယ် ... ဒီဇာတ်လမ်းတွဲလမ်းရဲ့အဓိက ဇာတ်ဆောင်မင်းသားကတော့ ပရိတ်သတ်နဲ့တော့မစိမ်းပါဘူး...သိုင်းလောကမုန်တိုင်းဇာတ်လမ်းတွဲနဲ့ လူသိများခဲ့တဲ့မင်းသားဖြစ်တဲ့ Vincent Zhao ပဲဖြစ်ပါတယ် ... ဒီဇာတ်လမ်းတွဲလေးကတော့ IMDB Rating 8.4/10 ထိရထားတာဆိုတော့ဇာတ်လမ်းကောင်းမကောင်းဆိုတာတော့အထူးပြောစရာလိုမယ်မထင်ပါဘူး...အညွှန်းလည်းမပေးတတ်တော့ မညွှန်းတော့ပါဘူး ဒီဇာတ်လမ်းတွဲလေးကို ဒေါင်းယူကြည့်ရှုအားပေးကြပါဦးခင်ဗျာ Format ……… 720p HD Genre ………… Chainese Tv Series Resolution ……… 1280x720 Translater ... Kyaw Myo Thu (လယ်ဝေး) Encoder ………Nge Nge Download ရန် လင့်များ Episode 1 G Drive , Openload Episode 2 G Drive , Openload |
AuthorWrite something about yourself. No need to be fancy, just an overview. Archives
June 2018
Categories |